Tuesday, December 14, 2010

ချမ်းသာတိုးပွားကြောင်း



ချမ်းသာတိုးပွားကြောင်း

သတိအာရက္ခော ကရဏီယော၊   
သတိအစေါင့်အရှောက်မြဲရမည်။
သတိတမံ၊ ဥာဏ်မြေကတုတ်၊ ပညာစွမ်း၊ ချွန်းနှင့်အုပ်။
 ပြောပြုတွေးလျှင်၊ သတိယှဉ်၊ ဆင်ခြင်ဥာဏ်ဖြင့်ချုပ်။
 ကာလဒေသ၊ ပုဂ္ဂလကို၊ နှိုင်းဆထောက်ချင့်၊
သင့် မသင့်ကို၊ ဥာဏ်ဖြင့်ဝေဖန်၊ စိတ်ထားမှန်လျက်၊
သည်းခံစိတ်ရှည်၊ တိုင်းကျိုးရည်၍၊
ပွားစည်မေတ္တာ၊  ကျင့်သူမှာ၊ ချမ်းသာတိုးပွားသည်။     ။

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်

(ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ် ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော်မှ ဤ"ချမ်းသာတိုးပွားကြောင်း"သတိပေးချက်တခုပေးပို့ခဲ့ဘူးပါသည်။ ၎င်းကို ဆရာတော်၏ခွင့်ပြုချက်ဖြင့် ကျွန်တော် လန်ထောင်စပ်စုလေး မိသားစု မှ ရွက်ရေ ၁၀၀၀ ရိုက်နှိပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် ဆရာသမား မိတ်ဆွေအပေါင်းအသင်းများထံသို့ ဓမ္မဒါနပြုခဲ့ကြဘူးပါသည်။)

No comments:

Post a Comment