မေတ္တသုတ်မြန်မာပြန်ကဗျာ
+ မေတ္တာကျင့်စဉ်စွမ်းအင်များကြောင့်
ဘီလူးခေါ်ငြား နတ်ယက္ခာ။
+ ကြောက်မက်ဖွယ်ရာ အာရုံဖန်ဆင်း
ချောက်လှန့်ခြင်းလဲ မပြုသာ။
+ နေ့မှာညဥ့်မှာ မပျင်းပါဘဲ
မေတ္တာကြိုးစား ပွါးသူမှာ။
+ အိပ်ရချမ်းသာ ပျော်ကာအိပ်မက်
ဆိုးဝါးတချက် မမက်ပါ။
+ ထိုသို့ဖြင့်သာ များစွာကျေးဇူး
ပြည့်စုံထူးရာ ဤမေတ္တာ။
+ ကျင့်စဉ်ပရိတ် ရံအတားကို
ရွတ်ပွားကျင့်စို့ တို့သူငါ။
+ အကျိုးစီးပွား လိမ္မာသူတို့
ငြိမ်သက်နိဗ္ဗာန် ဥာဏ်သက်ဝင်။
+ လက်တွေ့ယှဉ်ကာ ပြုနိုင်စွမ်းလျက်
ကိုယ်နှုတ်စိတ်ဝမ်း ဖြောင့်ဖြူစင်။
+ ဆိုဆုံးမလျှင် နားဝင်လွယ်၍
သိမ်မွေ့နူးညံ့ မာန်ကင်းစင်။
+ ရောင့်ရဲလွယ်လွယ် မွေးမြူလွယ်၍
ပြုဘွယ်ကိစ္စ နည်းကာပင်။
+ သက်မွေးမှုတွင် ပေါ့ပေါ့ပါးပါး
ဣနြေ္ဒများလည်း ငြိမ်လျက်ပင်။
+ ရင့်ကျက်ပညာ မူယာမကြမ်းတမ်း
လူ ဒကာစွဲလန်း ကျွမ်းမဝင်။
+ ပညာရှိတွေ ကဲ့ရဲ့ကြမဲ့
မကောင်းကိစ္စ သေးပါစေ။
+ အနည်းငယ်မျှလေ မပြုပါဘဲ
သတ္တဝါများတွေ ချမ်းသာစေ။
+ ဘေးကင်းပါစေ ကိုယ်စိတ်ချမ်းသာ
ရရှိကြသည် ဖြစ်ပါစေ။
+ အားလုံးများစွာ သက်ရှူပါသော
ခန္ဓာထင်ရှား ရှိသူတွေ။
+ ကြောက်တတ်တည်ကြည် နှစ်လီအများ
ရှည်လျှားကြီးမား ကြသူတွေ။
+ အလတ်အလယ် ပု-သေး-သွယ်နှင့်
ဆူဖြိုးဝအယ် နေသူတွေ။
+ မြင်ရမမြင်ရ ထိုနှစ်ဝနှင့်
ဝေးစွနီးစွ သတ္တတွေ။
+ ဘဝဇာတ်ဆုံး ဇာတ်çမဆုံးသော
အားလုံးများစွာ သက်ရှိတွေ။
+ ကိုယ်ရောစိတ်ပါ နှစ်ဖြာနှစ်ဝ
ချမ်းသာသုခ ရပါစေ။
+ တစ်ဦးနှင့်တစ်ဦးမှာ မလှည့်ပတ်ဘဲ
ကောက်ကျစ်စဉ်းလဲ မရှိစေ။
+ တနေရာရာတွင် တစ်ဦးဦးမှာပင်
မထီမဲ့မြင်မပြုလေ။
+ အချင်းချင်းမှာ နှိပ်စက်ငြိုးထား
ဆင်းရဲလိုလား မရှိစေ။
+ မွေးမေမိခင် ရင်မှာလွယ်ဖွား
တစ်ဦးတည်းသောသားငယ်တွင်။
+ အသက်ထက်ပင် မြတ်နိုးကြင်မို့
အစဉ်စောင့်ရှောက်ဘိသို့ပင်။
+ သက်ရှိတိုင်းတွင် မပိုင်းမခြား
မေတ္တာစိတ်များ ပွားပို့ယှဉ်။
+ အထက်အရပ် အောက်အရပ်နှင့်
ဘေးဘီအရပ် အားလုံးတွင်။
+ ကျဉ်းမြောင်းခြင်းလျှင် လုံးဝကင်းလျက်
တွင်းပြင်ရန်ပ ကင်းကာပင်။
+ လောကတိုင်းတွင် မပိုင်းမခြား
မေတ္တာစိတ်များ ပွားပို့ယှဉ်။
+ ရပ်စဉ်သွားစဉ် ထိုင်နေစဉ်နှင့်
လဲလျောင်းနေစဉ် များမှာပင်။
+ ငိုက်မျဉ်းကင်းစင် သတိထားပြီး
မေတ္တာစိတ်များ ပွားတတ်လျင်။
+ ဗြဟ္မစိုရ်ကျင့်စဉ် အကျင့်မြတ်ဟု
သတ်မှတ်ဟောကြား ဘုရားရှင်။
+ ထိုသို့မေတ္တာ ပွားများသူများ
အယူမမှား သီလစင်။
+ ထွက်ပေါက်ဥာဏ်မြင် ရရှိကြသား
ကာမလိုလား ပယ်ဖျောက်ကျဉ်။
+ အမိဝမ်းတွင် တဖန်နေခြင်း
ဧကန်လွတ်ကင်း ငြိမ်းမည်ပင်။ ။
(၁၉၉၀-သာယာဝတီထောင် လက်ပါးနှင့်အရူးတိုက်၊ အနူç အရူးရောဂါသည်များနှင့်အတူနေရစဉ် ဆရာကြီးမင်းသုဝဏ်၏ ခန္ဓသုတ်မြန်မာပြန်ကဗျာကို ကျက်မှတ်ရွတ်ဆိုမေတ္တာပွားရာမှ ဤမေတ္တာ
သုတ်မြန်မာပြန်ကဗျာကို အတုယူစပ်ဆိုသည်။ ကျေးဇူးတော်ရှင် ကမ္ဘာ့သာသနြာုပ ချမ်းမြေ့ရိပ်သာ
ဆရာတော်ကြီးနှင့်မဟာမြိုင်တောရဆရာတော် ဦးဇောတိက တို့တည်းဖြတ်ပေးပြီးဖြစ်ပါသည်။)
မေတ္တာအကျိုး(၁၁)ပါး
+ အိပ်နိုးချမ်းသာ၊ ကောင်းစွာအိပ်မက်၊
နှစ်သက် လူçနတ်၊ စေါင့်ရှောက် နတ်များ၊
သေနတ်çမီးçအဆိပ်၊ ရှောင်ခွါဆိတ်၍၊
စိုးထိတ်နည်းစွာ၊ မျက်နှာကြည်ပျော်၊
သေသော်မတွေ၊ လားလေဗြဟ္မာ၊
ဆယ့်တစ်ဖြာ၊
မေတ္တာပွားများ အကျိုးတည်း။ ။
+++++++
No comments:
Post a Comment