Wednesday, September 29, 2010

အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးအရှင်ဇနကာဘိဝံသ “မလားအပါယ်၊ တရားကယ်မည်”ဆောင်ပုဒ်





အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးအရှင်ဇနကာဘိဝံသ  
“မလားအပါယ်၊ တရားကယ်မည်”ဆောင်ပုဒ်

ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုဘိ၊
နေ့စဉ်ကြည့်သို့၊ မိမိသီလ၊ ဆိုင်သမျှကို၊
နေ့ညခပင်း၊ လွန်သန့်ရှင်း၍၊ ပြန့်သင်းမွှေးမှု၊
အလေးပြုလျက်၊ သုံးလူ့ထွတ်ထား၊ မြတ်ဘုရားနှင့်၊
တရားသံဃာ၊ အရိယာ၏၊ ဆိုင်ရာဂုဏ်တော်၊
ဥာဏ်၌ပေါ်အောင်၊ ရွှင်ပျော်ရှုစား၊ သဒ္ဓါပွားမူ၊
မလားအပါယ်၊ တရားကယ်မည်၊
ရှုဖွယ်ထောက်မှန်အစစ်တည်း။  ။

(ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှ)


                       
 အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးအရှင်ဇနကာဘိဝံသ



Monday, September 27, 2010

စီစဉ်သူ၏အမှာနှင့်ပူဇော်ကန်တော့ကျေးဇူးတင်လွှာ

စီစဉ်သူ၏အမှာနှင့်ပူဇော်ကန်တော့ကျေးဇူးတင်လွှာ
“မွန်မြတ်ရတနာသြ၀ါဒကထာများအတွဲ(၁)”ကွန်ပြူတာဓါတ်ပြားနှင့် www.allwada.blogspot.com သည် ဘုရား တရား သံဃာ မိဘ ဆရာသမား ကျေးဇူးရှင်အပေါင်းတို့အား ပူဇော်ကန်တော့ ကျေးဇူးဆပ် ဓမ္မဒါနပြုနိုင်ရန် ရည်ရွယ်ပါသည်။
ပုံနှိပ်အသုံးပြုမှုများ ((Print out Appliations) အဖြစ်သုံးမည်ဆိုပါက ဤကွန်ပြူတာဓါတ်ပြားနှင့် www.allwada.blogspot.com
မှ ကူးယူရရှိသော စာလွှာ စာအုပ် ဖလင်ပြား ဆလိုက်ပြား စသည်တို့ကို ဘုရားစင် သို့မဟုတ် မြင့်မြတ်သင့်တော်ရာ တစ်နေရာရာတွင် ချိတ်ဆွဲခြင်းဖြင့် လည်းကောင်း၊ လိုအပ်သလို တစ်ရွက်ချင်း ချဲ့ချုံ့မိတ္တူကူး၊ ချိတ်,ကပ်ထားရှိခြင်းဖြင့်လည်းကောင်း၊ မိမိနှင့်အိမ်သားဧည့်သည်များ၊ ရရှိတွေ့ရှိသူ
များ အတွက် ဆုံးမသြ၀ါဒခံယူနိုင်ခြင်း၊ ကျက် မှတ် ကျင့် ကြံ နိုင်ခြင်း၊ သတိတရား ပွားများနိုင်ခြင်း၊ ပြန်လည်ဖေါ်ထုတ် ဆင့်ပွားနိုင်ခြင်း၊ ပူဇော်ကန်တော့ ကျေးဇူးဆပ် ဓမ္မဒါနပြုနိုင်ခြင်း စသော အကျိုး
ကျေးဇူးများကို“လွယ်ကူလျင်မြန်သက်သာ”စွာရရှိနိုင်မည်ဖြစ်ပါသည်။
ဆင်းရဲချမ်းသာမရွေး မည်သူမဆို အထက်ပါအကျိုးကျေးဇူးများ လွယ်ကူမြန်ဆန်သက်သာစွာ
ရရှိနိုင်ရန် မိတ္တူကူးဆိုင်များ၊ Internet ဆိုင်များတွင် Master Copies , Master File
(မိတ္တူ Copy ပွားရန်မူရင်းများ) အဖြစ် စီစဉ် ထားရှိရန်
လည်းသင့်တော်ပါသည်။
ဘာသာရေးဆိုင်ရာပြပွဲများ၊ အခန်းအနားများ၊ ဘုရားစင်စသည်များတွင် ပညာပေး
Light Box များအဖြစ်လည်းပြုပြင် အသုံးချနိုင်ပါသည်။
ပြည်တွင်းပြည်ပ အရပ်အသီးသီးသို့ Fax, Internet , Web, Blog, Net, E-mail
စသည်များဖြင့် ဖြန့်ချိသာသနာ ပြုရာ၌လည်း အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပါသည်။မျက်စိအမြင်အားနည်းသူများ၊
သက်ကြီးရွယ်အိုအဘိုးအဘွားများအတွက်ထုတ်ဝေဖြန့်ချိလေ့ရှိသော စာလုံးကြီးပုံနှိပ်မှု (Large Print)
အဖြစ် လည်းလိုအပ်သလိုပြုပြင်အသုံးပြုနိုင်ပါသည်။
ကလေးငယ်များ ကျောင်းသားကျောင်းသူလူငယ်များအတွက် ပညာပေးသင်ကြားမှုအထောက်
အကူ ရောင်စုံခြယ်လွှာများလည်း ဖန်တီးနိုင်ပါသည်။
ဖန်သားပြင်တင်ဆက်လေ့လာမှုများ (On screen Presentations)
အနေဖြင့်မူ၊
ကွန်ပြူတာ, တီဗွီ - ဗီဒီယို - စီဒီ စသည်တို့ဖြင့် တင်ဆက်ပြသမှုအမျိုးမျိုး၊ လေ့လာမှုအမျိုးမျိုး ကို
လိုသလို ပြုလုပ်နိုင်ပါသည်။
ဤစီစဉ်မှုဖြစ်မြောက်ရေးအတွက် စတင်အကြံဥာဏ်ဖြစ်ပေါ်စေခဲ့ပြီး၊ အချိန်မအားသည့်
ကြားမှသြ၀ါဒပေး ညွှန်ပြ ခွင့်ပြု စိစစ် တည်းဖြတ် ပေးတော်မူသော၊ “စီစဉ်မှုအမည်”ကိုစဉ်းစားရွေးချယ်
ပေးတော်မူသော၊ ကွန်ပြူတာမှအစ၊ အစစကူညီထောက်ပံ့ပေးတော်မူသော၊ ကျေးဇူးတော်ရှင်
ချမ်းမြေ့ဆရာတော်ဘုရားနှင့် ချမ်းမြေ့ရိပ်သာသံဃာတော်များ၊ ဝေယျာဝစ္စအဖွဲ့ဝင် များအား ပူဇော်
ကန်တော့ကျေးဇူးတင်ပါကြောင်း ဦးစွာမှတ်တမ်းတင်အပ်ပါသည်။

ဤစီစဉ်မှုပါ သြ၀ါဒကထာများ၊ ဆောင်ပုဒ်များ၊ မှတ်သားဖွယ်ရာများနှင့် ပတ်သက်သမျှသော
ဆရာတော်ဘုရားကြီးများနှင့် သက်ဆိုင်သူမှန်သမျှတို့ကိုလည်း ပူဇော်ကန်တော့ ကျေးဇူးတင်ပါကြောင်း
မှတ်တမ်းတင်အပ်ပါသည်။ စာအုပ်စာတမ်းများ ကူညီ ရှာဖွေ ငှါးရမ်းပေးကြသည့် ဆရာတော် သံဃာ
တော်များ၊ ဆရာသမားမိဘဆွေမျိုး၊ အပေါင်းအသင်း တပည့်များအားလည်းကောင်း၊ ကွန်ပြူတာဆိုင်ရာ
အခက်အခဲများကို ၀ိုင်းဝန်းကူညီ အကြံဥာဏ်ပေး ဖြေရှင်းပေးကြသည့် တပည့်များဖြစ်ကြသော ဩဩ
မောင်ဇော်မြင့်ဦး၊ မောင်ဇော်လင်း၊ မောင်လှမျိုး၊ မချိုသန္တာလွင်မိသားစု၊ မောင်ဖြိုးပြည့်စုံမိသားစု၊ မ၀င်းဝင်းခိုင်မိသားစု၊ မောင်ချစ်ဝင်းမိသားစု၊ မောင်ကျော်ဌေးမိသားစု၊ကိုဇော်နိုင်၊ မမိုးမိုးဥမ္မာသီမိသားစု၊
မစန်္ဒာလွင်မိသားစု၊ မမြမဉ္ဇူမိသားစု၊ မောင်သန်းဝင်းထိုက်မိသားစု၊ စသည်တို့အားလည်းကောင်း၊
ကွန်ပြူတာဓါတ်ပြားများ ထပ်ဆင့်ကူးယူ ဖြန့်ချိပေးကြသော မိတ်ဆွေ အပေါင်းအသင်း တပည့်များအား
လည်းကောင်း၊ ဤစီစဉ်မှု အစစပြီးမြောက် အောင်မြင်ရေးအတွက် ၀ိုင်းဝန်းကူညီ အားပေးကြသော၊
ကွန်ပြူတာလုပ်ငန်းအဖွဲ့အစည်းများနှင့်ဆိုင်များ၊ မိတ္တူကူးဆိုင်များ၊ စာအုပ်နှင့်စာရေးကိရိယာဆိုင်များ၊
အသင်းအဖွဲ့များ၊ ရိပ်သာစသည်များအား လည်းကောင်း၊ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်
အပ်ပါသည်။
ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေး၊ အေးငြိမ်းချမ်းသာရပါစေ ။
မောင်ဖြူဝင်း(အေးငြိမ်းချမ်းသာ)မိသားစု။ ၁၉၉၇-၉၈။

(၁၉၉၇-၉၈ ခုနစ်များဆီမှ ကျွန်တော်တို့၏စမ်းသပ်ကြိုးပမ်းမှုတခုသည် သက္ကရာဇ် ၂၀၀၀ ပြည့်များဆီ၌ “အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်”ပထမဦးဆုံး ကွန်ပြူတာသင်တန်းများအတွက်သရုပ်ပြအသုံးဝင်ခဲ့ပြီး၊ ၂၀၀၈-၂၀၁၀ ခုနှစ် “နယူးဒေလီ Prospect Burma School ” ကွန်ပြူတာသင်တန်းများအတွက်လည်း အောင်မြင်စွာဆက်လက်အသုံးပြုနိုင်ခဲ့သဖြင့် ယခု ၂၀၁၀-စက်တင်ဘာ တွင် ဤ“မွန်မြတ်ရတနာသြ၀ါဒကထာများ”ကို www.allwada.blogspot.com ဖြင့် ဓမ္မဒါနပြုအပ်ပါသည်။ ထပ်ဆင့်ဓမ္မဒါနပြုပေးကြရန်နှင့် လိုအပ်ချက်များ၊ သြ၀ါဒဆောင်ပုဒ်များ ညွှန်ပြကူညီ အကြံဥာဏ်များပေးပို့ကြရန် မေတ္တာရပ်ခံအပ်ပါသည်။ )

ကိုယ်နှုတ်ယဉ်ကျေး၊ စိတ်ဖြူဖွေး၊ အေးငြိမ်းချမ်းသာရပါစေ။
ဦးဖြူဝင်း(လန်ထောင်စပ်စုလေး)
uphyuwin@yahoo.com,
satsuulay@gmail.com

Sunday, September 26, 2010


ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများ၏ ဘာသာရေးဆိုင်ရာသြ၀ါဒကထာများ၊  ဆောင်ပုဒ်များ၊ မှတ်သားကျက်မှတ်ကျင့်ကြံဖွယ်ရာများ၊နှင့် အစဉ်သတိထားရမည့်လူမှုရေးဆိုင်ရာဆောင်ပုဒ်များပါဝင်ပါသည်။

ဤစီစဉ်မှုဖြင့်လည်း မိဘ များနှင့်ကျေးဇူးရှင်အပေါင်းအား ပူဇော်ကန်တော့ကျေးဇူးဆပ်ပါ၏။

Welcome

Welcome