Wednesday, September 29, 2010

အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးအရှင်ဇနကာဘိဝံသ “မလားအပါယ်၊ တရားကယ်မည်”ဆောင်ပုဒ်





အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးအရှင်ဇနကာဘိဝံသ  
“မလားအပါယ်၊ တရားကယ်မည်”ဆောင်ပုဒ်

ထောက်မှန်ပေါ်တွင်၊ ကိုယ့်အသွင်ကို၊ ဆင်ပြင်လိုဘိ၊
နေ့စဉ်ကြည့်သို့၊ မိမိသီလ၊ ဆိုင်သမျှကို၊
နေ့ညခပင်း၊ လွန်သန့်ရှင်း၍၊ ပြန့်သင်းမွှေးမှု၊
အလေးပြုလျက်၊ သုံးလူ့ထွတ်ထား၊ မြတ်ဘုရားနှင့်၊
တရားသံဃာ၊ အရိယာ၏၊ ဆိုင်ရာဂုဏ်တော်၊
ဥာဏ်၌ပေါ်အောင်၊ ရွှင်ပျော်ရှုစား၊ သဒ္ဓါပွားမူ၊
မလားအပါယ်၊ တရားကယ်မည်၊
ရှုဖွယ်ထောက်မှန်အစစ်တည်း။  ။

(ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်မှ)


                       
 အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီးအရှင်ဇနကာဘိဝံသ



No comments:

Post a Comment