Tuesday, October 5, 2010

ပဋိစ္စသမုပ္ပာဒ်တရား ၁၂-ပါး၊ ထင်ရှားပေါ်လွင် ဓာတ်အစဉ်

ပဋိစ္စသမုပ္ပာဒ်တရား ၁၂-ပါး၊ ထင်ရှားပေါ်လွင် ဓာတ်အစဉ်




 ပဋိစ္စသမုပ္ပာဒ်တရား ၁၂-ပါး၊ ထင်ရှားပေါ်လွင် ဓာတ်အစဉ်
အမရပူရမြို့၊မင်္ဂလာတိုက်ဟောင်း၊ မိုးကုတ်ဆရာတော် ဦးဝိမလ၏ ပဋိစ္စသမုပ္ပာဒ်ဖြတ်လမ်း ကြည့်ရှုစရာ စက်ဝိုင်းဒေသနာ။
ပဋိစ္စသမုပ္ပာဒ်တရား ၁၂-ပါး၊ ထင်ရှားပေါ်လွင် ဓာတ်အစဉ်
အမရပူရမြို့၊မင်္ဂလာတိုက်ဟောင်း၊ မိုးကုတ်ဆရာတော် ဦးဝိမလ၏ ပဋိစ္စသမုပ္ပာဒ်ဖြတ်လမ်း ကြည့်ရှုစရာ စက်ဝိုင်းဒေသနာ။
အ၀ိဇ္ဇာနှင့်၊ တဏှာရင်းခံ၊ ဥပါဒါန်၊ ကံကြောင့်-ရုပ်နာမ်ပေါ်။
အပင်မှမျိုး၊ မျိုးမှအပင်။ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊
ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန်၊ ဖြစ်ပြန်နည်းအလျော်။
ဗြဟ်္မာ-သိကြား၊ စသည်များက၊ ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊
အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တ၀ါတို့၊
ဖြစ်လာရမှု၊ မဟုတ်ဟု၊ ဥာဏ်ဖြင့်ရှု၍မျှော်။
(လင်္ကာဆောင်ပုဒ်) မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့်၊ သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ၀ဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။

No comments:

Post a Comment