Tuesday, October 5, 2010

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော် သောတာလိုပဲ ဂတိမြဲ/ ဘ၀တန်ဘိုးတရားတော်/ စူဠကမ္မ၀ိဘင်္ဂသုတ်တရားတော်

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော် သောတာလိုပဲ ဂတိမြဲ/ ဘ၀တန်ဘိုးတရားတော်/ စူဠကမ္မ၀ိဘင်္ဂသုတ်တရားတော်


သောတာလိုပဲ ဂတိမြဲ

သောတာလိုပဲ ဂတိမြဲ
တိသရဏ၊ ငါးသီလ၊ မဲချစာရေးတံ။
ဆယ်ငါးရက်ဆွမ်း၊ ၀ါသင်္ကန်း၊
လှူဒါန်းသောက်ရေကန်။
ကျောင်းလှူတစ်ဝ၊ နိဗဒ္ဓ၊ ပုညရှိသူမှန်။
သောတာလိုပဲ၊ ဂတိမြဲ၊ သူလဲပါယ်မပြန်။
ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်

ဘ၀တန်ဘိုးတရားတော်

ဘ၀တန်ဘိုးတရားတော်
ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ၊ တစ်ရာအသက်၊
ရှည်သည်ထက်လည်း၊ ဖြစ်ပျက်နေဟန်၊
ရုပ်နှင့်နာမ်ကို၊ အမှန်မြင်လျက်၊
ဥာဏ်စဉ်တက်၍၊ တစ်ရက်တာမျှ၊
သက်ရှည်ရသော်၊ လောကလူ့ရွာ၊
ကောင်းမြတ်သာသည်၊ မြတ်စွာဗုဒ္ဓမိန့်ခွန်းတည်း။
ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်

စူဠကမ္မ၀ိဘင်္ဂသုတ်တရားတော်

စူဠကမ္မ၀ိဘင်္ဂသုတ်တရားတော်
၁။ သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည်။
၂။ ညှင်းဆဲသူကား၊ အနာများ၊ သနားကျန်းမာသည်။
၃။ ဒေါသမီးလျှံ၊ အကြည့်တန်၊ သည်းခံလှပသည်။
၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။
၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှပေါကြွယ်သည်။
၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေမျိုးမြတ်သည်။
၇။ မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်းဥာဏ်ကြီးသည်။
၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှကောင်းစားသည်။
၉။ ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံ-စံကြရသည်။ ။
ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်

ကျေးဇူးတော်ရှင်မဟာစည်ဆရာတော်

No comments:

Post a Comment