Tuesday, October 5, 2010

ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော် ပစလာ ယမာနသုတ်တရားတော်/ အောင်မြင်ကြောင်းတရား

ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော် ပစလာ ယမာနသုတ်တရားတော်/ အောင်မြင်ကြောင်းတရား


ပစလာ ယမာနသုတ်တရားတော်

ပစလာ ယမာနသုတ်တရားတော်
တိုင်းမဂဒ၊ ရွာကလ္လ ၊ ၀ါဠပုတ္တအနီးတွင်၊
လက်ဝဲတော်ရံ၊ မောဂ္ဂလာန်၊ ထက်ဥာဏ်အတွက်အားထုတ်စဉ်။
ငိုက်မြည်းနေတာ၊ ပျောက်ဖို့ရာ၊ မြတ်စွာညွှန်ကြားဤသို့ပင်။
၁။ ငိုက်မြည်းစေတာ၊ ထိုသညာ၊ စိတ်မှာမထားနှင့်။
၂။ လေ့လာပြီးသား၊ တရားများ၊ စဉ်းစားကြံတွေးသင့်။
၃။ အာဂုံဆောင်ထား၊ တရားများ၊ ကျယ်ပွားရွတ်ဆိုသင့်။
၎။ နားကိုဆွဲလတ်၊ ကိုယ်နှံ့စပ်၊ ပွတ်သပ်ပေးလေသင့်။
၅။ မျက်နှာသစ်ကာ၊ ရပ်မျက်နှာ၊ တာရာကြည့်ရှုသင့်။
၆။ အလင်းသညာ၊ စိတ်တွင်းမှာ၊ ထင်စွာပွားလေသင့်။
၇။ ရှေ့နောက်မှတ်သား၊ စင်္ကြံသွား၊ ကြိုးစားငိုက်ဖြေသင့်။
နည်းခုနှစ်ထွေ၊ ငိုက်မပြေ၊ နားနေအိပ်စက်သင့်။ ။
ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော်

အောင်မြင်ကြောင်းတရား

အောင်မြင်ကြောင်းတရား
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။
ပြောပြုတွေးလျှင်၊ သတိယှဉ်၊ ဆင်ခြင်ဥာဏ်ရှေ့သွား။
စိတ်ထားဖြောင့်မှန်၊ ခွင့်လွှတ်ရန်၊ သည်းခံမေတ်္တာထား။
လုံ့လနှင့်ဇွဲ၊ မလျှော့ဘဲ၊ အမြဲတင်းတင်းထား။
အရာရာတွင်၊ အသုံးဝင်၊ အောင်မြင်ကြောင်းတရား။ ။
ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော်
 ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော်

No comments:

Post a Comment