Add caption |
တဟုန်းဟုန်းတောက်လောင် မီးဘေးရှောင်
မြို့မီး ရွာမီး တောမီးတို့ထက်
အဆရာထောင်မက ပူလောင်လှသောမီးပုံကြီး ၁၁ ပုံ။
၁။ လိုချင် တပ်မက် နှစ်သက် ချစ်ခင်ခြင်း = ရာဂမီး။
၂။ စိတ်ဆိုးစိတ်ပျက်ခြင်း = ဒေါသမီး။
၃။ အမှန်အတိုင်းမသိခြင်း = မောဟမီး။
၎။ ပဋိသန္ဓေနေရခြင်း = ဇာတိမီး။
၅။ အိုရခြင်း = ဇရာမီး။
၆။ သေရခြင်း = မရဏမီး။
၇။ စိုးရိမ်ပူဆွေးရခြင်း = သောကမီး။
၈။ ငိုကြွေးရခြင်း = ပရိဒေ၀မီး။
၉။ ကိုယ်ဆင်းရဲရခြင်း = ဒုက္ခမီး။
၁၀။ စိတ်ဆင်းရဲရခြင်း = ဒေါမနဿမီး။
၁၁။ စိတ်နှလုံးပြင်းစွာပူလောင်ပင်ပန်းရခြင်း = ဥပါယာသမီး။
ဒွါခြောက်ဖုံ အာရုံခြောက်တန် ၀ိညာဏ်ခြောက်ဝ ဖဿခြောက်ဖြာ ဝေဒနာခြောက်ပါး
ဤတရားတို့သည် တစ်ဆယ့်တစ်သီး ဤမီးတို့ဖြင့် တဟုန်းဟုန်းတောက်လောင်နေကြ၏။
ဒွါရခြောက်ဖုံ = လောဘ ဒေါသ စသောမီးတို့သည် မျက်စိကိုလည်းလောင်၏၊
နားကိုလည်းလောင်၏၊ နှာခေါင်ကိုလည်းလောင်၏၊ လျှာကိုလည်းလောင်၏၊ ကိုယ်ကိုလည်းလောင်၏၊ စိတ်ကိုလည်းလောင်၏။
အာရုံခြောက်တန် = အဆင်း အသံ အနံ့ အရသာ ထိတွေ့စရာ
ကြံတွေးစရာသဘော တို့ကိုလည်းလောင်၏။
ဝိညာဏ်ခြောက်ဝ = မြင်စိတ် ကြားစိတ် နံစိတ် စားစိတ် ထိတွေ့စိတ် ကြံတွေးစိတ် တို့ကိုလည်းလောင်၏။
ဖဿခြောက်ဖြာ = မြင်တွေ့ကြားတွေ့နံတွေ့စားတွေ့ထိတွေ့ ကြံတွေးတွေ့
တို့ကိုလည်းလောင်၏။
ဝေဒနာခြောက်ပါး = မြင်ခံစား ကြားခံစား နံခံစား စားခံစား ထိတွေ့ခံစား ကြံတွေးခံစား တို့ကိုလည်းလောင်၏။
မီးဆယ့်တစ်တန် ငြိမ်းအေးရန် သတိပဋ္ဌာန် ပွါးရမည်။
မီးသတိပြု
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်